Posts

Showing posts from November, 2018
Image
တစ်​ခါတုန်းက မြို့​ဈေးတစ်​ခုရဲ့​ဘေးမှာ ထီးကို ဝါးလုံးနဲ့​ထောက်​ထားပြီး ထီး ​တွေ ဖိနပ်​​တွေ မီးခြစ်​ ဂက်​စ်​ ထည့်​တာ​တွေလုပ်​တဲ့ လူကြီးတစ်​ဦးရှိတယ်​ ဒါ​ပေမယ့်​ သူ့မှာ ​ခြေ​ထောက်​တစ်​​ချောင်း ဒူးဆစ်​က​နေ ဖြတ်​ထားရတယ်​ သူကို အားလုံးက ​ပေါင်​တို လို့​ခေါ်ကြတယ်​ ဒါ​ပေမယ့်​ သူကိုအဲ့လို​ခေါ်လို့လည်းအပြုံးမပျက်​ဘူး သူ​ပြော​နေကြစကားတစ်​ခွန်းရှိတယ်​ မာန က ဆာ​လောင်​​နေ​​သော ဝမ်းကို မပြည့်​​စေဘူး...။ မာန က လိပ်​ပြာလုံ​စေတယ်​တဲ့...။ အ​ပေါ်စာ​ကြောင်းကို လူတိုင်းနားလည်​တယ်​ ဒုတိယ စာ​ကြောင်းကို ​တော့ ဘယ်​သူမှမသိကြဘူး ​ပေါင်​တိုကြီး​မေးလည်း ဒီလိုပါပဲကွာလို့သာ​ဖြေတယ်​ အဲ့​ပေါင်​တိုကြီးမှာ ရှစ်​တန်းအရွယ်​တက်​ ​နေတဲ့ သားတစ်​​ယောက်​ရှိတယ်​ သူ့ သားက ​ကျောင်းပိတ်​ရက်​​တွေဆို သူ့အ​ဖေဆိုင်​ကို သူဖွင့်​ရတယ်​ ရတဲ့ ပိုက်​ဆံကို လိုအပ်​တာဝယ်​ဖြည့်​ပြီး ပိုတာကို တစ်​ပါတ်​စာ မုန့်​ဖိုးအဖြစ်​သုံးရတယ်​ တစ်​နေ့ ​ကျောင်းမုန့်​စားဆင်းချိန်​မှာ အမြဲတမ်း ထမင်းချိုင့်​ ကလွဲပြီးမုန့်​​တွေဘာ​တွေ မပါလာတတ်​တဲ့ ​ပေါင်​တိုရဲ့သားကို ​ဘေးက သူငယ်​ချင်း​တွေကစတယ်​ ​​ဟေ့​​ကောင်​ ​ပေါင်​တို​...