တစ်ခါတုန်းက မြို့ဈေးတစ်ခုရဲ့ဘေးမှာ ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး ထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့ လူကြီးတစ်ဦးရှိတယ် ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း ဒူးဆစ်ကနေ ဖြတ်ထားရတယ် သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ် ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်းအပြုံးမပျက်ဘူး သူပြောနေကြစကားတစ်ခွန်းရှိတယ် မာန က ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။ မာန က လိပ်ပြာလုံစေတယ်တဲ့...။ အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ် ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ် အဲ့ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့ သားတစ်ယောက်ရှိတယ် သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ် တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို ဘေးက သူငယ်ချင်းတွေကစတယ် ဟေ့ကောင် ပေါင်တို...