"ထလော့မြန်မာ အိုမြန်မာတို့"

" ထလော့မြန်မာ မြန်မာထလော့ "
=========================
#ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက် မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

#ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား များလည်းများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာ ဖြစ်မည်တည်း။

#ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေတော့။

ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍ တစ်ဝမ်း တစ်စိတ် ညီစေသတည်း။

ဆရာဇော်ဂျီ

Comments

Popular posts from this blog

ဆရာကြီးဒဂုန်တာရာ၏"မတ်လတော်လှန်ရေး"