ဗန်းမော်ဆရာတော်ဘုရားကြီး၏မျက်မှောက်ခေတ်ဆုံးမစာ================================
တရားကို တေးဆို၊အဖေကို သားဆဲ။
ဆွေမျိုးထဲက ဓားပြတိုက်၊မိုက်လျှင် သောတပန်
မကောင်းကြံလျှင် သမာဓိ၊ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင်၊ပညာရှိကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက်၊ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော၊အင်္ကျီပါးနှင့် ဥပုလ်သည်
ဇရပ်အလယ်၊ကို့ယို့ကားယား
အမျိုးသမီးကောင်းက၊ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က၊ရည်းစားထား
ဆင်းရဲသားက၊သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ၊လူရိုသေ
လင်ရှိမယားက၊အပျိုလုပ်
မသာပို့ရင်းအပျိုလှည့်၊အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက၊အိမ်ထောင်ကျ
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ်၊စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင်၊သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နှင့်တူ၊ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ်
ရွှေကပ်သည့် ဘုရားမှ လူရိုသေ
အဖေ အမေက ကျွန်နှင့်တူ၊သားသမီးကသခင်ဖြစ်
ခေတ်ကြီးကိုတော့အပြစ်မဆို
မိမိကိုယ်တော့အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင်
ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်းမျက်စပစ်
သူတော်ကောင်းတို့တရားပျက်ကြလေပြီ။
Comments
Post a Comment