ဗန်းမော်ဆရာတော်ဘုရားကြီး၏မျက်မှောက်ခေတ်ဆုံးမစာ ================================ တရားကို တေးဆို၊အဖေကို သားဆဲ။ ဆွေမျိုးထဲက ဓားပြတိုက်၊မိုက်လျှင် သောတပန် မကောင်းကြံလျှင် သမာဓိ၊ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင်၊ပညာရှိကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက်၊ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော၊အင်္ကျီပါးနှင့် ဥပုလ်သည် ဇရပ်အလယ်၊ကို့ယို့ကားယား အမျိုးသမီးကောင်းက၊ပိုက်ဆံရှာ အပျိုမဖြစ်ခင်က၊ရည်းစားထား ဆင်းရဲသားက၊သူဌေးယောင်ဆောင် အ၀တ်ပြောင်မှ၊လူရိုသေ လင်ရှိမယားက၊အပျိုလုပ် မသာပို့ရင်းအပျိုလှည့်၊အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက၊အိမ်ထောင်ကျ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ အလှူဖြစ်၊စာမတတ်သူက တရားပြ ဇာတ်သမားမှ လူခေါ်ချင်၊သူတော်စင်ကို ပယ်၍ထား ကြွေးပေးသူက ကျွန်နှင့်တူ၊ကြွေးယူသူက သခင်ဖြစ် မုန့်ပေးလျှင် ကျမ်းဂန်တတ် ရွှေကပ်သည့် ဘုရားမှ လူရိုသေ အဖေ အမေက ကျွန်နှင့်တူ၊သားသမီးကသခင်ဖြစ် ခေတ်ကြီးကိုတော့အပြစ်မဆို မိမိကိုယ်တော့အကောင်းပြော ဂုံးတိုက်လျှင် ကျေးဇူးရှင် ဖြောင့်မတ်လျှင် လူမသုံး သီလယူရင်းမျက်စပစ် သူတော်ကောင်းတို့တရားပျက်ကြလေပြီ။
Posts
Showing posts from October, 2018
- Get link
- X
- Other Apps

ဆရာဇော်ဂျီ၏နိဒါန်း * * * * * * * * * * * * * ဆရာဇော်ဂျီ (၁၉၀၇ - ၁၉၉၀) ချောင်းပြင်မှာ စီတန်းလို့ ဗေဒါပန်း ရေကြင်ဆွေ မျောလို့သာနေ။ ကမ်းတွေ့မှာခွေ ကမ်းပြေတော့စင်း၊ သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။ ။ (ဇော်ဂျီ) ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတို့အတွက် စွဲထင်နေသောမြင်ကွင်း၊ မြစ်ရိုး ချောင်းရိုးတွင် စုန်ဆန်သွားလာနေသော ဗေဒါပန်းကလေးများ၏ အသွင်အပြင်တွင် “ဘ၀အားမာန်” ကိုထည့်သွင်းကာ တင်စားဖွဲ့ဆိုခဲ့သူမှာ ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သား ဆရာဇော်ဂျီပင် ဖြစ်ပေသည်။ ဆရာဇော်ဂျီသည် ခေတ်စမ်းစာဆို၊ အမျိုးသားစာဆိုကြီးအဖြစ် မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင်ထားရသည့် စာဆိုကြီးတစ်ဦးဖြစ်လေသည်။ စင်စစ်ဆိုလျှင် ဆရာဇော်ဂျီ၏ ဂုဏ်ပုဒ်နှင့် စွမ်းဆောင်ချက်များမှာ ချီးကျူးဖွင့်ဆိုရေးသားဖော်ကျူး ကာ မကုန်နိုင်အောင်ပင် ရှိပါသည်။ သို့သော် ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတစ်ဦးအ...
- Get link
- X
- Other Apps
အမှားကြာတိုင်း အမှန်မဖြစ်ပါ သံကို သံကဖျက်လို့သာ သံချေးတက်တာပါ ပျက်အစဉ် ပြင်ခဏမို့ စာလုံးပေါင်းသတ်ပုံကို သတိပြုကြပါ။ ******************** မှားတတ်သော စာလုံးပေါင်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ။ လေးစားလျက် ကျော်မိုးဝင်းသန့် (26-12-2015) #မှန် #မှား ၁။ ငွေဖြည့်ကတ် ငွေဖြည့်ကဒ် ၂။ ဇယတု ဇေယျတု ၃။ ကြေညာ ကြေငြာ ၄။ ဖြန့်ချိ ဖြန့်ချီ ၅။ ကောင်းမှု ကောင်းမှု့ ၆။ ဟဿ ရသ ဟာသရသ ၇။ ဟင်္သပဒါး ဟင်္သပြဒါး ၈။ ဂြိုဟ်ပြေနံပြေ ဂြိုလ်ပြေနာမ်ပြေ ၉။ ပဝါ ပုဝါ ၁၀။ ဂိမှာန် ဂိမာန် ၁၁။ ဝသန် ဝဿ န် ...
ဆရာကြီးဒဂုန်တာရာ၏"မတ်လတော်လှန်ရေး"
- Get link
- X
- Other Apps

မတ်လတော်လှန်ရေး ဒဂုန်တာရာ မိုးကုပ်ကုပ်ဝယ် အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ၊ ဟ.... ဟ.... လာပြီး မိုးပြာကိုဖြတ်၊ ပတ္တမြားရည် စီးလည်အဟုန်၊ နီမြန်းကုန်သည် အာရုဏ်ပေါ်စ ၀ိုးတ၀ါး။ မှုန်မွှားမွှားလျှင် ၀ိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ် မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း လှေတစင်းထက်၊ တောတွင်းသားပျို ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍ စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ ယူကာလက်ထောက်၊ အလျားမှောက်သည် လှေအောက်ဝမ်းမှ စက်သေနတ်။ အမှောင်ရိပ်ဝယ် မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင် အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏ နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ ဖက်ဆစ်ကင်းစောင့် စစ်စခန်း။ ချောင်းကိုကွေ့သော် တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့ ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင် အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည် မြစ်ယံ ပဲ့တင် ထပ်သတည်း။ ငွေလရောင်လျှင် အမှောင်ညရိပ်၊ သေးသေးစိပ်သား မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည် စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့် ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော် ကျယ်စွဝန်းလျား၊ လယ်ကွ...
"ထလော့မြန်မာ အိုမြန်မာတို့"
- Get link
- X
- Other Apps
" ထလော့မြန်မာ မြန်မာထလော့ " ========================= #ထလော့မြန်မာ အိုမြန်မာတို့ ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ် စေတီစပါး များလည်းများ၏။ များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက် မစားလေရ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ #ထလော့မြန်မာ အိုမြန်မာတို့ ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ် ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့် သီးနှံချိုပြား များလည်းများ၏။ များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် မြင်သာမြင်ရ မစားရ၍ တောက ပြိတ္တာ ဖြစ်မည်တည်း။ #ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့် မလျှော့လုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးများမြောင် ဥာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေတော့။ ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန် ပွန်လော့လုပ်ငန်း ဥာဏ်ရှေ့ပန်း၍ တစ်ဝမ်း တစ်စိတ် ညီစေသတည်း။ ဆရာဇော်ဂျီ